ပင်မစာမျက်နှာ » သဘောတူညီချက်များ

စရံငွေ ပေးချေခြင်း နှင့် ဒီဇိုင်း ရေးဆွဲခြင်း

  • ဝက်ဘ်ဆိုက် စတင် ရေးဆွဲရန် သဘောတူညီချက် ရသည့် အခါ ရေးဆွဲမည့် ဝက်ဘ်ဆိုက် အမျိုးအစား အလိုက် တစ်ပတ် အတွင်း ဝက်ဘ်ဆိုက် ဒီဇိုင်းကို ပြသမည် ဖြစ်ပြီး အလုပ်အပ်သူ ဘက်မှ ဒီဇိုင်းကို စိတ်ကြိုက် ပြင်ဆင် ခြင်း ပြောင်းလဲခြင်းများ ပြုလုပ်နိုင်ပါသည် ။
  • ဝက်ဘ်ဆိုက် ဒီဇိုင်း နှင့် ပတ်သက်၍ စိတ်တိုင်းကျပါက စရံငွေ ၅ဝ% ကို ပေးချေရမှာ ဖြစ်ပါတယ်။
  • ထို့နောက် ဝက်ဘ်ဆိုက် ရေးဆွဲခြင်း အဆင့် ကို ပြုလုပ်မည် ဖြစ်ပြီး ဝက်ဘ်ဆိုက် ဒီဇိုင်း ကို အသေးစား ပြင်ဆင်ခွင့် သာ ပြုလုပ်ပေးမည် ဖြစ်ပါသည် ။
    (အကြီးစား ပြင်ဆင်မည် ဆိုပါက Package အမျိုးအစားအလိုက် ကျသင့်ငွေ ၏ ၅ဝ% ကို ဒီဇိုင်းပြင်ဆင်ကြေး အဖြစ် ထပ်မံ ပေးချေရမည် ဖြစ်ပါသည်။)

ကြာမြင့်ချိန် နှင့် ငွေ အကျေပေးချေခြင်း

  • ဝက်ဘ်ဆိုက် ရေးဆွဲသည့် ကာလမှာ အလုပ်အပ်သူဘက် မှ ဒေတာ (စာသား ၊ ဓါတ်ပုံ နှင့် အခြား ဖိုင်များ) ပေးသည့် ဒေတာ အနည်းအများ ပေါ်မူတည် ပြီး တစ်ပတ် မှ တစ်လ အထိ ကြာမြင့် နိုင်ပါသည် ။ 
  • ၀က်ဘ်ဆိုက် ၏ ပြီးစီးမှု ၈၀ ရာခိုင်နှုန်း ပြီးစီးလျှင် ဖြစ်စေ ၊ ဝက်ဘ်ဆိုက် ရေးဆွဲကာလ တစ်လ ကျော်လျှင်ဖြစ်စေ ကျန်ငွေ ၅၀ ရာခိုင်နှုန်း ကို ပေးချေရပါမည်။

ဒေတာများ (ဓါတ်ပုံ၊ စာသား ၊ သတင်းအချက်အလက်များ)

  • ဝက်ဘ်ဆိုက် ဒေတာများ နှင့် ပတ်သက်၍ ဒေတာ (စာသား ၊ ဓါတ်ပုံ နှင့် အခြား ဖိုင်များ) ကို အလုပ်အပ်သူ ဘက်မှ ဝက်ဘ်ဆိုက် ဒီဇိုင်း ရေးဆွဲ နေစဉ် ကာလ တစ်ပတ် အတွင်း ဖြစ်စေ အလုပ်မအပ်မီ စရံငွေ မပေးချေ ရသေးခင် ကာလ ၌ ဖြစ်စေ ၊ ဝက်ဘ်ဆိုက် ရေးဆွဲ နေစဉ် ကာလ အတွင်း ၌ ဖြစ်စေ ပေးနိုင်ပါသည် ။
  • ဝက်ဘ်ဆိုက် ရေးဆွဲ ပြီး သည့် ကာလ နောက်ပိုင်း ဒေတာများ ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်းများ အတွက် အပိုကြေး အခကြေးငွေ လုံးဝ မယူပါ ။ သို့သော် ဒေတာများကို အလုပ်အပ်သူ မှ အီးမေလ်း မှ ဖြစ်စေ ၊ လူကိုယ်တိုင် ဖြစ်စေ ပေးပို့ သည့် ဒေတာများ အတွက် သာ အကြုံးဝင် ပါသည် ။ ဒေတာများကို လာရောက်ယူမည် မဟုတ်ပါ။
  • ဒေတာများ ပေးရာတွင် စာသား များ ဓါတ်ပုံများ ကို Soft Copy ဖြင့်သာ ပေးရမည် ဖြစ်ပါသည်။
  • ဝက်ဘ်ဆိုက် အတွက် လိုအပ်သော ဒေတာများ ၊ ဓါတ်ပုံများ ၊ ဖိုင်များကို အလုပ်အပ်သူ ဘက်မှ ပေးရမည် ဖြစ်ပြီး ဒေတာများ နှင့် ပတ်သက်၍ ပြဿနာ တစုံတရာ ဖြစ်ပွားပါ က အလုပ်အပ်သူ ဘက်မှ တာဝန်သာ ဖြစ်ပါသည် ။

ဝက်ဘ်ဆိုက် သက်တမ်း

  • ဝက်ဘ်ဆိုက် ၏ သက်တမ်းမှာ စရံငွေ ပေးချေသည့် နေ့ နှင့် ဒိုမိန်း အမည် ဝယ်ယူသည့် နေ့မှ စတင်မည် ဖြစ်ပြီး  သက်တမ်းတစ်နှစ် ပြည့်ပါက ကုန်ဆုံးမည် ဖြစ်ပါသည်။
  • ဝက်ဘ်ဆိုက် သက်တမ်း မကုန်မီ တစ်လ ကြိုတင် ၍  အီးမေလ်း ဖြင့် အကြောင်းကြားပါမည် ။  
  • ဝက်ဘ်ဆိုက် သက်တမ်း ကုန်ဆုံးပြီး မှ သက်တမ်း တိုးပါက သက်တမ်းလွန်ကြေး နှစ်သောင်း ထပ်မံ ပေးဆောင်ရမည် ဖြစ်ပါသည် ။  

မူပိုင်ခွင့်နှင့် စာချုပ် ဖျက်သိမ်းခြင်း

  • ဝက်ဘ်ဆိုက် တွင် အသုံးပြုသော ဒေတာများ စာရွက်စာတမ်းများ ၊ ဓါတ်ပုံ များ၏ မူပိုင်ခွင့် များ နှင့် ပတ်သက်၍ ပြဿနာ ဖြစ်ပွားပါက အလုပ်အပ် သူ ဘက်မှ တာဝန်သာ ဖြစ်ပါသည် ။
  • Google မှာ ရှာဖွေထားသော ပုံများ ၊ အခြား ၀က်ဘ်ဆိုက်မှ ကူးယူပြီး တင်ထားသော ပုံများ အသုံးပြုမှု အတွက်လည်း အလုပ်အပ်သူ ဘက်မှ တာဝန်သာ ဖြစ်ပါသည် ။ 
  • တရားဥပဒေဖြင့် မလွတ်ကင်းသော အချက်အလက်များ ၊ မူပိုင်ခွင့် နှင့် ခွင့်ပြုချက်မဲ့ ကုန်ပစ္စည်းများ ကို ရောင်းချပါက MWP ဘက်မှ အချိန်မရွေး ၀က်ဘ်ဆိုက် ကို ပိတ်သိမ်းခွင့် နှင့် စာချုပ်ကို ဖျက်သိမ်းခွင့် ရှိပါသည်။

ဝက်ဘ်ဆိုက် ကို Update ပြုလုပ်ခြင်း

  • Package တိုင်းတွင် CMS (ကိုယ်တိုင်ပြင်ဆင်နိုင်သော စနစ်) ပါ၀င်ပြီး ဖြစ်ပါသည်။ အချက်အလက်များ ထည့်သွင်း ခြင်း ၊ပြင်ဆင်ခြင်း များ အတွက် MWP မှ အလုပ်အပ်သူ ကိုဖြစ်စေ ၊ အလုပ်အပ်သူ ဘက်မှ ၀န်ထမ်း ကို ဖြစ်စေ နှစ်ကြိမ် တိတိ အသုံးပြုနည်းကို လာရောက် ပြသပေးပါမည် ။ အဆိုပါ သုံးစွဲနည်းကိုလည်း PDF ဖြင့် User Guide တစ်ခု ပေးမည် ဖြစ်ပါသည်။
  • သို့သော် အချိန် မအားလပ်၍ ကိုယ်တိုင် ပြင်ဆင်ခြင်း မပြုလုပ်နိုင်ပါက MWP မှ တလတကြိမ် အခမဲ့ ဒေတာ Update ပြုလုပ်ပေးမည် ဖြစ်ပါသည် ။
  • ဝက်ဘ်ဆိုက် ဒေတာ Update ပြုလုပ်ခြင်း နှင့် ပတ်သက်၍ ဒေတာကို အီးမေလ် ဖြင့် ဖြစ်စေ ၊ လူကိုယ်တိုင် ဖြစ်စေ ပေးပို့ ခြင်းကို သာ လက်ခံမည် ဖြစ်ပြီး ဒေတာကို လာရောက် ယူမည် မဟုတ်ပါ ။  အီးမေလ်း ဖြင့် ပေးပို့လိုပါက [email protected] ကို ပေးပို့နိုင် ပြီး ၊ လူကိုယ်တိုင် လာရောက်ပေးပို့လိုပါ က MWP ရုံးခန်း သို့ လာရောက်ပေးပို့နိုင်ပါသည် ။
  • ဒေတာများကို ပေးပို့ရာတွင် စာသားများ အတွက် Microsoft Word File ဖြင့် ရိုက်ပြီး ပေးပို့ ရမည် ဖြစ်ပြီး ၊ ဓါတ်ပုံများ အတွက် JPG ဖိုင် ဖြင့် ပေးပို့ ရမည် ဖြစ်ပါသည် ။
  • ဒေတာ Update ပြုလုပ်သည့် ကြာမြင့်ချိန် မှာ ပေးပို့ သည့် ဒေတာ အနည်းအများ ပေါ်တွင် ၄င်း ၊ အင်တာနက် ကွန်နက် ရှင် ပေါ်တွင် ၄င်း မူတည်ပါသည် ။

၀က်ဘ်ဆိုက် လွှဲပြောင်းခြင်း

အကယ်၍ အလုပ်အပ်သူ မှ အခြား Web Company တစ်ခု သို့ ပြောင်းလဲ ရေးဆွဲ လိုပါက MWP မှ ပြန်လည် ပေးမည့် ၀န်ဆောင်မှု များမှာ -

  • ဒိုမိန်း အမည် ကို ပြန်လည် လွှဲပြောင်းပေးပါမည် 
  • Web Site Design ကို နောက်ကုမ္ပဏီ မှ ပြန်လည် မှီငြမ်းခွင့် ရှိပါသည်။ 
  • လက်ရှိ ဆိုက်တွင် ဖြည့်သွင်းထားသော ကုန်ပစ္စည်း စာသား များ ၊ ဓာတ်ပုံ များကို HTML Format ဖြင့် CD / Zip file / Softcopy တခုခု ဖြင့် ပြန်လည် ပေးပါမည် ။
  • Web Site CMS ၏ Database File များ ၊ PHP Source Code များ ကို မူ ပြန်လည် ပေးမည် မဟုတ်ပါ ။